Thursday, October 13, 2016

USB အထိုင်ခေါင်းတွေမှာရှိတဲ့ ကြေးပြားပတ်လမ်းတွေ အကြောင်းတခုခုကြောင့် ပြတ်လာ ပြုတ်လာတဲ့အခါမျိုးမှာ





USB အထိုင်ခေါင်းတွေမှာရှိတဲ့ ကြေးပြားပတ်လမ်းတွေ
အကြောင်းတခုခုကြောင့် ပြတ်လာ ပြုတ်လာတဲ့အခါမျိုးမှာ
ပတ်လမ်းပြန်ဆက်ဖို့အတွက် နည်းလမ်းလေးတွေ စဉ်းစားကြည့်ကြရအောင်

USB ခေါင်းတွေမှာ အသုံးများတာက 5ပင်ပါတဲ့ ခေါင်းလေးတွေပါ
ဘယ်ဖုန်းမှာပဲဖြစ်ဖြစ် 5ပင်ပါခေါင်းတွေရဲ့ အလုပ်လုပ်ပုံဟာ အတူတူပဲဖြစ်တဲ့အတွက်
တမျိုးကို သေချာနားလည်သွားရင် တခြားဖုန်းတွေမှာလဲ သဘောပေါက်နိုင်ပါတယ်

1. 5V for Charging
ပင်နံပါတ် 1 မှာ အားသွင်းဖို့အတွက် DC+5V ရှိပါတယ်
အဲဒီဗို့အားလမ်းကြောင်းမှာ
Fuse Resistor Variable Resistor , Condenser , ESD များနဲ့
ချိတ်ဆက်ထားတာဖြစ်တဲ့အတွက် ပင်နံပါတ် 1 ပြတ်လာခဲ့ရင်
အဲ့ဒီလမ်းကြောင်းမှာရှိတဲ့
Fuse Resistor , Variable Resistor , Condenser , ESD တို့မှာ
ကြိုးဆက်ပေးလို့ ရပါတယ်
Fuse Resistor ကို ဆက်ချင်ရင်
အဲဒီ Resistor ရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်တခုခုမှာ ဆက်ပေးလို့ ရပါတယ်
မူရင်းပတ်လမ်းအတိုင်း ဆက်ချင်ရင် Charging ခေါင်းဘက်ကိုသွားတဲ့
Resistor ရဲ့ ထိပ်စကို ဆက်ပေးရမှာပါ
Variable Resistor , Condenser နဲ့ ESD မှာ ဆက်ချင်ရင်တော့
အဲဒီကွန်ပို့နင့်လေးတွေရဲ့ Ground ဘက်မဟုတ်တဲ့ တခြားဘက်မှာ
ဆက်ပေးလို့ ရပါတယ်
ပင်နံပါတ် 1 ကို ဆက်လို့ရရင် အားသွင်းလို့ ရနိုင်ပါပြီ

2 နှင့် 3. DM & DP
အဲဒီ ငုတ်နှစ်ငုတ်က ဖုန်းကို PC ချိတ်ပြီး
Data အပြန်အလှန် ကူးယူဖို့ သုံးပါတယ်
အဲဒီနှစ်ငုတ်ထဲက တခုခု ပြတ်နေရင်
နှစ်ခုစလုံး ပြတ်နေရင် PC က ဖုန်းကို မသိတော့ပါဘူး
အဲဒီ လမ်းကြောင်းနှစ်ခုစလုံးမှာ ESD လေးတွေနဲ့ Ground ချထားပြီး
Fuse Resistor လေးများ ခံထားကြပါတယ်
ပတ်လမ်းဆက်ချင်ရင်တော့ ESD တွေရဲ့ Ground မဟုတ်တဲ့
တခြားဘက်ငုတ်တွေမှာ ဆက်ပေးရပါမယ်
Fuse Resistor ကို ဆက်မယ်ဆိုရင် ဟိုဘက်ဒီဘက်ထိပ်တွေမှာ
အဆင်ပြေသလို ဆက်လို့ရပါတယ်
မူရင်းအတိုင်း ဆက်ချင်ရင်တော့
ESD နဲ့ Fuse Resistor နှစ်ခုဆုံရာမှာ ဆက်ပေးလို့ ရပါတယ်

4.
အဲဒီငုတ်ကတော့ အသုံးနဲပါတယ်
တချို့ဖုန်းတွေမှာဆို မသုံးပဲ အလွတ်ထားကြပါတယ်
ကြိုးဆက်မယ်ဆိုရင် Resistor နှစ်လုံးရဲ့ ဆုံရာမှာ ဆက်လို့ရပါတယ်

5 .Ground
USB အတွက် အနုတ်ဗို့ပေးတဲ့ ဗို့အားလမ်းကြောင်းဖြစ်လို့
Ground လိုင်းနဲ့ တိုက်ရိုက် ဆက်ပေးလို့ ရပါတယ်

Test Point
အခု နမူနာပြထားတဲ့ ဖုန်းမှာတော့ TP လို့ခေါ်တဲ့
Test Point လေးတွေ ထည့်ထားပါတယ်
ပတ်လမ်းပြတ်ရင် သက်ဆိုင်ရာ TP လေးတွေမှာ အလွယ်တကူ ဆက်လို့ရပါတယ်
TP မပါခဲ့ရင်တော့ ပြောခဲ့တဲ့ နည်းလမ်းလေးတွေကို ဆက်စပ်ပြီး
ညာဏ်ရှိသလို သုံးလို့ ရပါတယ်ခင်ဗျာ

Credit ပါ
         Ko Soe Myat Thu

မူရင်း
https://m.facebook.com/story.php?story_fbid=457644214383021&id=100004123383797

Facebook မှာလာရောက်အားပေးချင်ရင်

နှလုံးသားထဲစူးဝင်နေတဲ့ဆူးကို ဘယ်လိုနှုတ်လို့ရမှာလဲ


No comments:

Post a Comment