Monday, November 21, 2016

Samsung SCH-I879 Backlight

Samsung SCH-I879 Backlight
ဆိုင်ပြန်အလုံးလေးပါ။ backlight အပိုင်းကို ကိုင်ထားတာတွေ့ရပါတယ်။Power IC PM8029 ကို သုံးထားပါတယ်။Backlight အတွက်ကတော့ 16 Pin IC ကိုသုံးထားတယ်။ Backlight Diode ထိပ့် Volt တွေစစ်တော့  0.1V ပဲရှိတယ်။ သေချာ စစ်ကြည့်တော့ Diode ကို ပြောင်းပြန် တပ်ထားပါတယ်။Diode ကို အတည့်ပြန်လှည့်ပေးပြီး Volt တိုင်းတဲ့အခါ Volt က ပုံမှန်ဖြစ်သွားပြီ။အဲ့မှာ ထူးဆန်းတာလေး တွေ့ရတာပါပဲ။ စက်မနိုးခင် Volt က ပုံမှန်ရှိနေပြီး စက်နိုးလိုက်တဲ့အခါ Diode ထိပ့်မှာ 0.4V ပဲရှိတော့တယ်။ဘယ်လို ဖြစ်သွားတာပါလိမ့်။ ပြန်တိုင်းတယ် အဲ့အတိုင်းပဲ။အမှန်ဆို Volt က ပုံမှန်ထက် များနေရမှာ။နောက် စက်နိုးလျက်အတိုင်းပဲ FET ရဲ့ Pin 2 VPH PWR ကိုတိုင်းကြည့်တယ် 3.0V ဖြစ်နေတယ်။အဲ့ Volt နဲ့ဆို စက်က မနိုးနိုင်ဘူးလေ အခုတော့ စက်နိုးနေတာ။ပြီးတော့ LCD အတွက် 1.8V နဲ့ 3V ကလည်း မထွက်ဘူး။1.8V အတွက်က DC DC ICလေး ခံထားတာ။သိလိုက်ပီ FET error ဆိုတာ။ဒါကြောင့် FET ကို ဖြုတ် FET Pin 3 နဲ့ 2 ကို ဆက်ပေးလိုက်တယ်။စက်ပြန်နိုး Volt ပြန်တိုင်းတော့မှ 1.8V,3V နဲ့ Diode ထိပ့် ပုံမှန် Volt တွေ ပြန်ဖြစ်သွားတယ်။ LCD တပ် စက်နိုးလိုက်တော့မှ Backlight ပြုပြင်ခြင်း ပြီးဆုံးသွားပါတော့တယ်။
အဓိက error ကတော့ FET ပါပဲဗျာ။
ပြီးတော့ ဒီ Backlight Way က Google မှာ မရှိဘူးနော် Service manual လဲ မတွေ့ဘူး။
Backlight IC အတွက် GT-I9060 Service Manual ကို မှီငြမ်းပြီး ပြုပြင်ထားတာပါ။
ဘီကင်နာ များ အခု Backlight ကိုလည်း လေ့လာထားသင့်ပါတယ်။

Credit ပါ
          မင်းစိုး စံ

          မူရင်း

Facebook အကောင့်
      နှလုံးသားထဲစူးဝင်နေတဲ့ဆူးကို ဘယ်လိုနှုတ်လို့ရမှာလဲ


No comments:

Post a Comment