Monday, December 12, 2016
Honor 4x ရေဝင် touch မရ ရှော့ကတ်
Honor 4x ရေဝင် touch မရ ရှော့ကတ်
= = = = = = = = = = = = = = = = = = = =
Honor 4X -gplay mini တွေ ရေနဲနဲဝင်ပြီး
touch မရလို့ ရောက်လာခဲ့ရင်
ပြေးမကြည့်နဲ့  ပုံမှာပြထားတဲ့
အနီရောင် VPH လိုင်းကိုသေခြာစစ်ကြည့်ပါ
control တွေ output တွေ ပျက်တာ
ရေဝင်ပြီဆိုတာနဲ့ အရင်ဆုံး ပတ်လမ်းပျက်တဲ့
နေရာတွေက Battery ကနေ တိုက်ရိုက်ဗို့ အား
အများဆုံးပေးထားတဲ့ VBAT တို့  VPH တို့ 
အပျက်များပါတယ်
VPH လိုင်းနဲ့ ချိတ်ဆက်ထားတဲ့ အဝါရောင်
ကွန်ဒက်ဆာ နှစ်လုံးလဲ ပြုတ်ပျက်နေပါပြီ
ကွန်ဒက်ဆာထိပ် တစ်ဖက်ခဲငုတ်ကနေ IC ကိုကူးတဲ့
ပတ်လမ်းလေးလဲ ပျက်နေတက်တာများပါတယ်
IC အောက်က pin နံပါတ် 4 ငုတ်တွေကတော့
အသေခြာပဲ အရင်ဆုံးပြတ်တာပါ
ကွန်ဒက်ဆာတွေပြုတ်နေပေမယ့် ထိပ်နှစ်ဖက်
အထိုင်ခဲငုတ်တွေကတော့ ကျန်နေတာများပါတယ်
ကျန်နေတဲ့ ငုတ်နှစ်ငုတ်မှာ တစ်ဖက်က ground
ကျန်တစ်ဖက်က Battery ကလာတဲ့ VPH 3.7 ဗို့ ပါ
သန့် ရှင်းပြီး ခဲငုတ်ထိပ်မှာ ဗို့ တိုင်းကြည့်ရင် 3.7 ဗို့ 
တွေ့ ရမှာပါ အဲဒီငုတ်နဲ့ ပျက်သွားတဲ့ ပတ်လမ်းအတိုင်း
IC ကို 3.7 ဗို့ ပေးသွင်းထားတဲ့ ပတ်လမ်းရေဝင်တဲ့အခါ
ဗို့ အားနဲ့  ရှော့ဖြစ်ပြီးပျက်တာပေါ့ဗျာ
ပျက်သွားတာလေး ပြန်ဆက်ပေးနိုင်ရင် touch လဲ
ပြန်ရပါပြီ အဲဒီနေရာမှာ IC pin နံပါတ် 4 အောက်က
အထိုင်ပြုတ်သွားသည့်အတွက် IC ဗိုက်အောက်မှ
ခဲငုတ်ကနေ ကွန်ဒက်ဆာတစ်ဖက်ထိပ် ခဲငုတ်ကို
jumper ပြန်ဆွဲပေးရမှာပါ နဲနဲတော့ လက်ဝင်ပါတယ်
(IC မှာပါ ပျက်နေရင်လဲ အသစ်လဲပေးပေါ့ဗျာ)
အောက် အထိုင်မပါသည့်အတွက် ခဲနိုင်မှရမှာပါ
ခဲဂေါက်နဲ့ လဲ သိပ်အဆင်မပြေပါဘူး Heat gun နဲ့ 
ခဲလုံးလေးတွေကို ဇာဂနာနဲ့ ကိုလိုချင်သလို
လုပ်ယူနိုင်ရင် အဆင်ပြေပါတယ်
jumper ကြိုးလေးကို လက်သဲခွံလောက်ဖြတ်
ခဲသုတ်ပြီး သေခြာအနေအထားချိန်ပြီး Heat gun နဲ့ 
အပူပေးဆက်တာ ပိုကောင်းပါတယ်
ပုံစံတူနှစ်လုံးရောက်လာလို့ အဖြစ်များမယ်တော့
ထင်ပါတယ် မျက်စိနဲ့ ကြည့်လို့ ပျက်နေတာမြင်ရင်
ပျက်နေတာပဲ အရင်သေခြာဆက်ကြည့်ပါ
ပြန်ကောင်း သွားတက်ပါတယ် ကျန်တာတွေကတော့
မရမှဆက်ကလော်ကြည့်ပါ
Credit ပါ
            Phyo Htut Kyaw
      မူရင်းမှသွားရောက်လေ့လာချင်းရင်းဒီကိုနှိပ်ပါ
Facebook မှလာရောက်အားပေးချင်ရင်ဒီကိုနှိပ်ပါ
No comments:
Post a Comment